Sunday, November 4, 2007

ဟင်းလင်းပြင်ထဲက လင်းလက်တဲ့သံစဉ်တွေ

... ဟင်းလင်းပြင်ထဲက လင်းလက်တဲ့သံစဉ်တွေ

အမှန်တရားဆိုတာလမ်းမတွေပေါ်မှာ စီတန်းလှည့်လည်တယ်

သံတိုင်တွေနောက်မှာ အံကြိတ်ခံတယ်မီးသဂြိုလ်စက်ထဲက တိတ်တိတ်ပုန်း ပြာတွေနဲ့အတူ ပျံ့လွင့်တယ် တကယ်တော့ အမှန်တရားဆိုသာဆေတန်နတ်ဆိုး ကွယ်လျှိုးထားတဲ့နက္ခတ်တာရာတွေဖြစ်တယ်။
ခေတ်ကြီးကိုက မကောင်းလှပေဘူးတက်မပါ လက်ဗလာနဲ့ လှော်ရတဲ့ခေတ်ရေနစ်သူဆွဲတဲ့ကောက်ရိုး ပိုးထိုးနေတဲ့ခေတ်သစ္စာတရား ခြစားခံထားရတဲ့ခေတ်။
စင်္ကြာဝဠာကို ဆုပ်ကိုင်ကြည့်ချင်သေးတဲ့ဒီကောင်ရဲ့လက်တွေကတော့ သေးကွေးလွန်းလှပါတယ်ကြယ်ဖြစ်ခွင့်မရသေးတဲ့ ဂြိုဟ်ပဲ့မို့နဂါးငွေ့တန်းကိုတမ်းတတယ်လရောင်ကိုချဉ်ခြင်းတပ်ကာမှနေပူပြင်းတွေပဲ တစ်စင်းပြီးတစ်စင်း ထွက်လာတယ်။
ဟင်းလင်းပြင်ရဲ့ နိယာမကအေးစက်တောင့်တင်းလှတယ်ယုံကြည်ချက်တွေ တွင်းနက်ထဲပြိုကျမကြာခဏ ပုံစံပျက်ယွင်းမလင်းမချင်းတော့ ဖြစ်တည်နေရဦးမယ်။
တချို့က ကောင်းကင်ကိုရှာတယ်တချို့က အလင်းရောင်ကိုရှာတယ်တချို့က ဂြိုဟ်စီးဂြိုဟ်နင်းတွေကြည့်တယ်အဲဒီကြားကနယ်နိမိတ်တွေကိုဒစ်ဂျစ်တယ်တံခါးနဲ့ ဆွဲဖွင့်လိုက်တော့ကမ္ဘာကြီးတစ်ခုလုံး ပွက်လောရိုက်စေတယ်။
ပေါက်ကွဲခြင်းဆိုတာစကြာင်္ဝဠာအသစ်တောင် အစဖြစ်စေသတဲ့ပြိုကွဲပွန်းရှ ထွက်ကျလာတဲ့လွတ်လပ်ခြင်းရဲ့ လင်းလက်တဲ့ သံစဉ်တွေယုံယုံကြည်ကြည်နဲ့ ပဲ့တင်ပြန်ထူးကြမယ်။
ပန်ဒိုရာ
...